မြောင်းမြမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး




MNP - စက်တင်ဘာ   ၁၈    


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်း က မြင်းကကွင်းကျေးရွာတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို  ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)