Pages

Pages

ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံလူတန်းစားများအားသက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်အခြေခံစားသောက် ကုန်များ ဆက်လက်ရောင်းချပေးလျက်ရှိ

 


MNP - စက်တင်ဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  အခြေခံလူတန်းစားများအားသက်သာသော ဈေးနှုန်းဖြင့် ဆန် နှင့်ကြက်ဥ၊ ဆားများ အားဆက်လက်ရောင်းချ ပေးလျက်ရှိရာ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ခွဲအချိန်တွင်  အမှတ်(၂) ရပ်ကွက်   မြို့လယ်လမ်းမကြီးဘေးရှိ သိန်းရတနာဈေးလေးရှေ့မှ ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။


ထိုသို့ဆောင်ရွတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်နှင့် အဖွဲ့ဝင်များ၏ ဦး‌ဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊လူမှု‌ရေးအသင်း အဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမောင်မောင်ခင် တို့မှ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်လျှင်(၁၅၀၀)ကျပ် ၊ကြက်ဥ တလုံးလျှင် (၁၅၀)၊ ဆား (၅၀)သားတထုပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် သက်သာချောင်ချိရေး ဆက်လက်ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိသဖြင့် ပြည်သူများ လာရောက် ဝယ်ယူကြ‌ကြောင်းသိရသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment