Pages

Pages

အမာမြို့၌ အခြေခံအိမ်ထောင်စုများအတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် (၇)နာရီခွဲအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးခြင်းကို အမာမြို့၊ (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံး၌ ရောင်းချပေးခဲ့ပြီး၊ အမာမြို့ပေါ် ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၅၀)ကျပ်သားကို ငွေ (၂၅၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၁၁၀)ကို ရောင်းချပေးခဲ့ရာ ပြည်သူများမှ စနစ်တကျ တန်းစီဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။


စားအုန်းဆီများ ရောင်းချပေးရာတွင် အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမာနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment