Pages

Pages

ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

 



MNP - စက်တင်ဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်း (၉) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရမျှတစွာ စားသုံးရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ခံယူရန်၊ ကိုယ်ဝန်ဆောင် သံဓာတ်အားတိုးဆေးများကို ဆရာဝန်များ ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရန်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက် မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ကြာသာပတေနေ့တိုင်း  ပြည်ကြီး တံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးစစ်ဆေးများ ဆောင်ရွက်ပေးပြီး၊ နို့တိုက်မိခင် (၃၉) ဦးအား ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။


သတင်း - ရှမ်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment