Pages

Pages

တရုတ်နိုင်ငံပေါင်းစည်း‌ရေးက ထိုင်ဝမ်၏ အနာဂတ်ဖြစ်သလို ထိုင်ဝမ်သွေးချင်းများ၏ အကျိုးရှိရာ လမ်းကြောင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောကြား


ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် 

ထိုင်ဝမ်သွေးချင်းအပါအဝင် တရုတ်နိုင်ငံသားအားလုံး၏ အကျိုးအတွက် ကြိုးပမ်းလုပ်ဆောင်ခြင်းသည် မိမိတို့၏ ပြောင်းလဲမှုမရှိသော မူလရည်ရွယ်ချက်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပြန်လည်ပေါင်းစည်း‌ရေးသည် ထိုင်ဝမ်၏ အနာဂတ်ဖြစ်သလို ထိုင်ဝမ်သွေးချင်းများ၏ အကျိုးရှိရာလမ်း‌ကြောင်းလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “တစ်နိုင်ငံ စနစ်နှစ်မျိုး” အရ ထိုင်ဝမ်ရေလက်ကြား အေးချမ်းစွာ ပေါင်းစည်းရန် အကောင်အထည်ဖော်ရေးသည် ထိုင်ဝမ်သွေးချင်းတစ်ရပ်လုံးအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment