Pages

Pages

မြိတ်မြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 


MNP - စက်တင်ဘာ   ၁၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့ပြီး အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သော ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် သဝဏ်လွှာအား မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ဖတ်ကြားပြီး အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော တပ်ဖွဲ့ဝင်များအား မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆုချီးမြှင့်ရာ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) သင်ကြားမှုစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ (ဗဟိုအဆင့်) ရှေးဦးပြုစုခြင်းအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲ၊ ရှေးဦးပြုစုခြင်းပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိကြသောတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုနှင့် ဗဟိုအဆင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment