သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အိမ်မဲမြို့နယ် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အိမ်မဲမြို့နယ် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများတွေ့ဆုံ




MNP - စက်တင်ဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် Contract Farming အကျိုးတူ လယ်ယာစနစ်ဖြင့် မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများတွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာ၌ “နိုင်ငံတော်ကလယ်ယာ၊ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ပဲတီစိမ်းစိုက်ပျိုး မည့် တောင်သူများအား မျိုးစေ့၊ မျိုးနှင့် ဓာတ်မြေ သြဇာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တက်ရောက်လာသည့်တောင်သူများက ထောက်ပံ့ပေးမည့်ပစ္စည်းများကို ရာသီအမီ ထောက်ပံ့ ပေးစေလိုကြောင်း၊ စိုက်ပျိုးမည့်လယ်ယာမြေတွင် မြေအချဉ်၊ အငံတို့ကို တိုင်းတာပေးစေလိုကြောင်း၊ ပိုးမွှားတွေကျရောက်ပါက သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးကြရန်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိဂုံးချုပ် လမ်းညွှန် စကားပြောကြားရာ၌ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းပြီး ကြွေးမီကင်းသော လယ်သမားများဖြစ်စေလိုကြောင်း၊ ပန်းတိုင်အနေဖြင့် နွေစပါး တစ်ဧက ၁၀၀ နှုန်း၊ ပဲတီစိမ်း တစ်ဧက ၂၀ ကျော်ထွက်ရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


အိမ်မဲမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ထောက်ပံပေးသော အကူအညီများကိုယူ၍ Contract  Farming အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးရန် တောင်သူ (၃၂၉)ဦးရှိပြီး စိုက်ဧက (၁၀၅၂)ဧက ကိုစိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနရုံးမှ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)