(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ပွဲသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် တက်ရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ပွဲသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် တက်ရောက်ကြည့်ရှုအားပေး




MNP - စက်တင်ဘာ   ၁၂


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့်  (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘားအံမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ စုပေါင်းသွေးလှူဒါန်းရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ စုပေါင်းသွေးလှူရာတွင်  နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၂၂) လုံခြုံ ရေး ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲ တပ်ဖွဲ့ တပ်ဖွဲဝင်များနှင့် မိသားစုဝင်များ၊  စုစုပေါင်း (၅၇)ဦးကို သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာဖုန်းမိုးဝင်း နှင့်ကျန်းမာရေးဝန်ထမ်းများကသွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ အရေးပေါ်သွေးလိုအပ်ပါက အသုံးပြုနိုင်ရေးအတွက် သွေးလှူဘဏ်သို့ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်နှင့် တာဝန်ရှိသူများက ကြက်ဥနှင့် အချိုရည်များကိုလည်းကောင်း၊ သွေးလှူဘဏ် တာဝန်ခံ ဒေါက်တာဖုန်းမိုးဝင်းက အားဆေးနှင့် ကြက်ဥများကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)