ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်၊   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်   အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် နမ့်ဆန်မြို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က အမှာစကားပြောကြားခြင်း၊ နမ့်ဆန်မြို့ ဒေသအဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမြခဲက ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးနှင့် အိမ်မွေးတိရိစ္ဆာန်များတွင် ကူးစက်နိုင်ခြင်း၊ ရောဂါပိုးရှိသော ခွေးကိုက်ခံရပါက ရောဂါဖြစ်ပွားနိုင်ကြောင်း ခွေးများတွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းဖြင့် ရာနှုန်းပြည့်ရောဂါကာကွယ်မှု ထိရောက်မှုရှိသည့်အတွက်   ခွေးရူးရောဂါ မဖြစ်ပွားစေရန် အိမ်မွေးတိရိစ္ဆာန်ခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကြိုတင်ကာကွယ် ဆေးများ ထိုးနှံသင့်ကြောင်း ဆွေးနွေးပြီး     မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းက ခွေးရူးရောဂါ မဖြစ်စေရေးအတွက် မေးခိုင် ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေး ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေး အုပ်ချုပ်ရေး မှူးများ ၊စာရေးများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)