ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းအနေဖြင့် ဩဂုတ်လအတွင်း အောက်စီဂျင်(၄၀)လီတာ အိုးကြီး (၁၅)အိုးလှူဒါန်းနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းအနေဖြင့် ဩဂုတ်လအတွင်း အောက်စီဂျင်(၄၀)လီတာ အိုးကြီး (၁၅)အိုးလှူဒါန်းနိုင်ခဲ့

 


MNP - စက်တင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျော်ဇံထေရဝါဒကျောင်းတိုက်တွင် ဦးဆောင် ဆရာတော် ဘန္ဒန္တ ဦးသူရိယမှ ကြီးမှူး၍ တည်ထောင်ဖွင့်လှစ်ထားသည့် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်း၏ အမှတ်(၂) ဒါနအလင်း ဇီဝိတဓမ္မကုသိုလ်တော်အသင်း အောက်စီဂျင် လှူဒါန်းမှုအဖွဲ့မှ ဘိုကလေးမြို့ပေါ်နှင့် ကျေးရွာများအတွက် အောက်စီဂျင်လိုအပ်သည့် လူနာများအား ဩဂုတ်လအတွင်း အောက်စီဂျင် (၄၀)လီတာအိုး (၁၅)အိုးလှူဒါန်းနိုင်ခဲ့သည်။


မေတ္တာဝါဒီပရဟိတ ဖောင်ဒေးရှင်းသည် လူမျိုး၊ ဘာသာမခွဲခြားဘဲ နွမ်းပါးပြည်သူများ၏ အကျိုးရှေးရှုကာ လက်ရှိတွင် အောက်စီဂျင်၊ သွေး၊ ဆေးဝါးနှင့် ဘိုကလေးမြို့နယ် ကုတင် (၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးဝါး တက်ရောက်ကုသနေကြသည့် လူနာများနှင့် ချို့တဲ့ပြည်သူ များအတွက် အစာအာဟာရပေးပို့ လှူဒါန်းမှုများ ဆောင်ရွက်နေသည့် ပရဟိတအသင်းတစ်ခု ဖြစ်ပြီး ထမင်းအသက်(၇)ရက်၊ ရေအသက်(၁)မနက်၊ လေအသက် လျှပ်တစ်ပြတ်ဟူသည့် ဆိုရိုးစကားအတိုင်း (၂၀၂၀)ခုနှစ်မှစ၍ ယနေ့အချိန်ထိ အောက်စီဂျင်ရှူဘူးပေါင်း (၁၀၀၀၀) ကျော်နှင့် ၎င်းအတွက် ကုန်ကျစရိတ် ကျပ်သိန်းပေါင်း (၇၀၀)ကျော်အား လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)