ကျောင်းကုန်းမြို့၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေး အပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေး အပ်ပွဲကျင်းပ

 



MNP - စက်တင်ဘာ  ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးထုတ် လုပ်မှုတိုးတက် မြင့်မားရေးကော်မတီ၏ ညွှန်ကြားချက်နှင့် အညီ ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် နေကြာသီးနှံသီးသန့်စိုက်ဧက (၆၁၃၉)ဧက၊ သီးညှပ်(၂၀၄၆)ဧက စုစုပေါင်း(၈၁၈၅)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး အဖွဲ့(၈)ဖွဲ့ဖြင့် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေး‌ ဦးစီးမှူး ဦးကျော်ဌေးက နေကြာစိုက်ပျိုးခြင်းနည်းစနစ်နှင့် နေကြာ မျိုးစေ့ရရှိရေးဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ တွဲဘက်အတွင်းရေးမှူး မြို့နယ် လယ်ယာမြေစီမံမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးကျော်နိုင်ဝင်းက နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာလျာထားရှာဖွေဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌများအား၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ စိုက်ပျိုးရန် တာဝန်ပေး လွှာနှင့် နေကြာမျိုးစေ့များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)