Pages

Pages

ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများဆက်လက်ထုတ်ပေး



MNP - စက်တင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍  ရုံးချိန်အတွင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲရှိဝန်ထမ်းများက ထုတ်ပေး လျက်ရှိကြောင်းသိရသည်။


အဆိုပါပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  စနစ်တကျထုတ်ပေးလျက်ရှိရာ ဝါးခယ်မမြို့နယ်တွင် ပင်စင်စား ဝန်ထမ်း(၂၇၅၇)ဦးရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေး သွားမည်ဖြစ်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ လာရောက်ထုတ်ယူသူ (၁၅၅၉) ဦးခန့်ရှိပြီး ကျန်ရှိသူများအားဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment