Pages

Pages

ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်







MNP ၊ စက်တင်ဘာ  ၇

ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေး ဌာနှင့်ပူး‌ပေါင်း၍ ယနေ့ မွန်းလွဲ ၁နာရီက အမက(မြို့သစ်)ကျောင်း၌စာဖတ်ရှိန် မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့်နံရံကပ် စာစောင်ပြပွဲများကို  သွားရောက်ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စက်တင်ဘာ ၈ ရက် နေ့တွင်ကျရောက်မည့်နိုင်ငံတကာစာတတ်မြောက် ရေးနေ့  ပေါ်ပေါက်လာပုံနှင့် " ဗဟုသုတတိုးပွားရေး စာပေလေ့လာ ဖတ်ရှူ့ ပေး" ခေါင်းစဉ်ဖြင့် ပညာပေး  ဟောပြောခဲ့သည်။


ထို့နောက် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ် စာစောင် မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင် နှင့် ကလေးများအကြိုက် စာအုပ်၊စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် ပုံပြင်ပြော ပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ ကို ပြုလုပ်ပေးခဲ့ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment