ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများစစ်ဆေး





MNP ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေးနှင့်ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ကုသ ၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှကုတင်(၁၀၀)ပြည်သူ့ ဆေးရုံ သို့ သွားရောက်၍ကြိုတင်ပြင်ဆင်ထားရှိမှု များကိုယနေ့နံနက်(၈)နာရီအချိန်ကသွားရောက်စစ် ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ကုသ၊ထိန်းချုပ်ရေးချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် က ကိုဗစ်-၁၉ ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများထားရှိကုသရန်အဆောင်များနှင့် အောက်စီဂျင်ထုတ်လုပ်နိုင်မှု ပမာဏ များကို စစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော် တို့မှ ပြန်လည်ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် က မိမိတို့ ခရိုင်အတွင်း ကိုဗစ်-၁၉ မျိုး ဗီဇပြောင်း အိုမီခရွန်ကူးစက်မှု မရှိစေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန် နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)