Pages

Pages

တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရှမ်းရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာရှိ စိတ္တသုခဓမ္မာရုံ ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင် တို့ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅)ကြောင်းသည် ရှမ်းရွာအုပ်စုရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်(၅၆)ဦးနှင့် ပြည်သူ(၂၉၃)ဦး စုစု‌ပေါင်း(၃၄၉)ဦး တက်ရောက်ခဲ့ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းမရှိသူ (၄) အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (၆)ဦးတို့အား ပြုလုပ်ပေးခဲ့သည်။ ကျေးရွာနေပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဆိုင်ကယ်ဦးထုပ်များ ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးရေး စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရေး အသိပညာပေး ဟောပြောခဲ့ကြ သည်။


ဆက်လက်၍  တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာဌာန အကြီးအကဲများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment