ဘုတလင်မြို့ မြဝတီရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ‌ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတလင်မြို့ မြဝတီရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ‌ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ



MNP - စက်တင်ဘာ   ၁၄


လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ နံနက်၁၀နာရီ ခွဲအချိန်က ဘုတလင်မြို့၊ မြဝတီရပ်ကွက် မြဝတီခန်းမသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာဆွေးနွေးကြ‌ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စိုက်ပျိုးမွေးမြူရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ လမ်းများကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေး‌နွေးခဲ့ကြပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)