ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ခြင်းနှင့် ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ခြင်းနှင့် ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမ နှင့်‌‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုံဟေးကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာ၌ နေကြာအဓိကအပါအဝင် အခြားဆီထွက် သီးနှံများ စိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့သွင်းအားစုနှင့် စိုက်ပျိုး စရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ၊ အရင်းမပျောက် မတည်ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်အသင်းသားများ၊ ကျေးရွာ စီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးချိုနိုင်ထွန်းက နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်များရရှိစေပြီး အထွက်နှုန်းတိုးတက်စေရန်၊ ဆီထွက် သီးနှံစိုက်ပျိုးရာတွင် လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်များ၊ စံပြစိုက်ကွက်များဆောင်ရွက် ပေးမည့်အစီအစဉ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ရန်ပုံငွေကျပ်သိန်း(၂၀၀)ကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကျေးရွာရှိ အသင်းသူ၊ အသင်းသား (၄၀) ဦး တို့၏ ဆီထွက်သီးနှံစိုက်ပျိုးမည့် ဧက (၅၀) အတွက် လည်ပတ်ရန်ပုံငွေကို အသင်းသူ၊ အသင်းသားများထံ လက်ဝယ် အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)