Pages

Pages

ဇလွန်မြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် ကမ်းနားရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ကမ်းနားရပ်ကွက် သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံတွင် ရောင်းချပေးခဲ့သည်။


ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆင်းသုခဆန် တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဆန်အိတ်(၂၀)ကို လည်းကောင်း၊ ကြက်ဥသုံးလုံးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၁၅၀၀)လုံး ကိုလည်းကောင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ (၁၀၀၀၀၀) ဖိုးခန့်ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment