MNP ၊ စက်တင်ဘာ ၁၃
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မအီမြို့၊ ကိုယ်ထူကိုယ်ထမြို့မဈေးနှင့် စုပေါင်းစစ်ဆေးရေးဂိတ်နေရာတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဟန်ထွန်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို.အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ “အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာ နေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်” စသည့် အသိပညာပေး ဆောင်ရွက်ခြင်းများကို ဈေးသွားဈေးလာ ပြည်သူများအား အသိပေးပြောကြားခဲ့ကြပြီး ပါးစပ်နှာခေါင်းစည်း(Mask) များကို အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းနှင့် ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost



No comments:
Post a Comment