Pages

Pages

ကျိုင်းတုံမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း



MNP - စက်တင်ဘာ   ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၃၀၀) ၌ ပြုလုပ်သည်။


ထိုသို့ သွေးလှူဒါန်းရာတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း ၃၂ ဦး စုပေါင်းသွေးလှူဒါန်းရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊  ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်နှင့်  တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး  အာဟာရဖြည့် အစားအစာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment