ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ရှိ အဘိုးအဘွားများအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ရှိ အဘိုးအဘွားများအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်း




MNP - စက်တင်ဘာ   ၂၆


မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဒဲကျေးရွာနှင့် စေတုတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာမှ သက်ကြီး ဘိုးဘွား(၂)ဦးအတွက် နေအိမ်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက်  ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူငွေများ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နေအိမ်ပြုပြင်ရန် အလှူငွေများ လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အလှူရှင်များကိုယ်စား ပွင့်ဖြူမြို့နယ် မဒဲကျေးရွာရှိ  အသက် ၇၁ နှစ်အရွယ် အဘွား ဒေါ်တင်ရွှေ အား နေအိမ်ပြုပြင်ဆောက်လုပ်နိုင်ရန် အလှူငွေကျပ် ၁၇၀၀၀၀ ၊ စေတုတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာမှ အဘိုး ဦးတင်သောင်း - အဘွား ဒေါ်ကြည်မြင့် မိသားစုအား နေအိမ်ပြုပြင်ရန်အတွက် အလှူငွေကျပ် ၁၅၀၀၀၀ တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။


ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး လူနေအိမ်များ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ  ယခုနှစ်တွင် သက်ကြီးဘိုးဘွားများအတွက် လူနေအိမ်ပြုပြင်ဆောက်လုပ်လှူဒါန်းပေးမှုအနေဖြင့် လူနေအိမ်အလုံး ၅၀ ကျော် ပြုပြင်လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ တစ်ကိုယ်တော်ပရဟိတအသင်းမှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ပြောကြားသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)