Pages

Pages

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး



MNP - စက်တင်ဘာ  ၂၈


ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်မှ မြို့နေပြည်သူများ စားဝတ်နေမှုတစ်စိတ်တစ်ဒေသအဆင်ပြေစေရေး စိုက် ပျိုး/မွေးမြူရေးခြံထွက် အသီးအရွက်များနှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကျောက် တိုင်ကွင်းရှေ့တွင် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါအစီအစဉ်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ် စိုက်ပျိုးရေး နှင့်မွေးမြူရေးခြံထွက်၊ ဟင်းသီးဟင်းရွက်များဖြစ်သည့် ချဉ်ပေါင်၊ ကန်ဇွန်းရွက်၊ ခဝဲသီး၊ သင်္ဘော သီး၊ သခွါးသီး၊ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊  ကြက်ဥ၊ အစရှိသည့် ပစ္စည်းများကို သင့် တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြရာ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်ရပ်ကွက် ပြည် သူများ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment