Pages

Pages

ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်



MNP - စက်တင်ဘာ   ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနော်ကျေးရွာ၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။ 


ထိုသို့ဆောင်ရွက်ရာတွင်  ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မအူပင်ခရိုင်နှင့် ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ ကျုံတနော်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အင်း သားကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြပြီး အောင်ဟိတ် ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါး သားပေါက် ကောင်ရေ (၃၀၀၀၀၀)၊ ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်း ငါးသား‌ပေါက်ကောင်ရေ (၄၀၀၀၀၀)ကို ကျုံတနော်ကျေးရွာ၊ သဘာဝရေပြင်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment