Pages

Pages

ပြင်ဦးလွင်မြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည်၊ အဖျက်အမှောင့် လုပ်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို



MNP ၊ စက်တင်ဘာ ၃၀

ပြင်ဦးလွင်မြို့ တွင်ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၄.၁၀.၂၀၂၂ ရက်နေ့မှ ၈.၁၀.၂၀၂၂ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပစဉ်ကာလအတွင်း လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်စည်ကားကားဖြင့်  အောင်မြင် အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကျင်းပမှုများအား ဖျက်ဆီးနှောက်ယှက်မှုပြုခြင်း နှောက်ယှက်ဖျက်ဆီးသူများနှင့် တနည်းနည်းဖြင့်ပတ်သက်မှုရှိခြင်း ပွဲတော်လာအများပြည်သူများအား စိတ်အနှောက်အယှက်ဖြစ်စေခြင်း ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူများအား social punishments သိုမဟုတ် boycott ပြုလုပ်ခြင်း ပြုလုပ်ရန်စေခိုင်းခြင်း စသည့်ပြစ်မှုများကျူးလွန်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး Online မှဝါဒဖြန့်သူများပါ ဖေါ်ထုတ်အရေးယူမည်ဖြစ်ကြောင်း သတင်းပေးသူများအား ထိုက်တန်စွာဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်တပ်နယ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment