မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မြစ်ကြီးနား)သို့ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား/သူများ လာရောက် ကွင်းဆင်းလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မြစ်ကြီးနား)သို့ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား/သူများ လာရောက် ကွင်းဆင်းလေ့လာ



MNP -  စက်တင်ဘာ   ၂၂


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကထိကနှင့်နည်းပြဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၃)ဦး တို့က စက်တင်ဘာလ ၂၁ ရက် နံနက် (၉)နာရီ အချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီးနား)၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား  လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။


ရှေးဦးစွာ အီလက်ထ‌ရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား/ကျောင်းသူများအား ထပ်ဆင့်လွှင့်စက်ရုံရုံးခန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု ပြတိုက်ဖွင့်လှစ်ခဲ့သည့် မှတ်တမ်းဗွီဒီယိုအား ဖွင့်လှစ်ပြသခဲ့ပြီး ထပ်ဆင့်လွှင့်စက်ရုံ (ကချင် ပြည်နယ်ဇုံနယ်မှူး) အင်ဂျင်နီယာမှူး ဦးအောင်ကျော်ဇင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတင်ထုတ်လွှင့်ခဲ့သည့် ခုနှစ်၊ နည်းစနစ်များ၊ နေပြည်တော်၊ တပ်ကုန်းရုံးချုပ်မှ ပေးပို့သည့် မြန့်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များအား  Thai Com ဂြိုလ်တုနှင့် Myanmar Sat-2 ဂြိုလ်တုတို့ဖြင့် ဖမ်းယူပြီး 100W MRTV Analogue လွှင့်စက်၊ 1KW DVB-T2 ရုပ်သံလွှင့်စက်၊  1KW မြန်မာ့အသံ FM Radio လွှင့်စက်တို့ဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း ထပ်ဆင့်ဖမ်းယူ ထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။


ထို့အပြင် ပြည်နယ်အတွင်းရှိ ထပ်ဆင့်လွှင့်စက်ရုံများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ DVB-T2 Set-Top Box နှင့် Myanmar Sat-2 ဂြိုလ်တုတို့မှတဆင့်  C-Band စနစ်၊ Ku-Band (DTH) စနစ်များဖြင့် Digital ရုပ်သံလိုင်းများ ဖမ်းယူပုံအဆင့်ဆင့်နှင့် စက်ရုံဝင်းအတွင်းရှိ ၆၂ မီတာ တာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် အင်တာနာများအကြောင်း၊ Thaicom နှင့် Myanmar Sat-2 ဂြိုလ်တုစလောင်းများ အကြောင်းကို လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များနှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားစွာ မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှုင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)