၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ စက်တင်ဘာ   ၁၅

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးလုပ်ငန်းများသည် အခွန်အကောက်ရငွေများပေါ်မူတည်၍ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ အပြေအကြေကောက်ခံရရှိစေရေး၊ အခွန်ငွေများနှင့်ပတ်သက်၍ အလွဲသုံးစားမှုမရှိစေရေးနှင့် အခွန်နှုန်းထားများအား ခေတ်ကာလနှင့်ကိုက်ညီသည့် အခွန်နှုန်းထားများ ဖြစ်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အခွန်ငွေများ တိုးတက်ရရှိရေးအတွက် အခွန်ပုံး၊ အခွန်ရှောင်များ ဖော်ထုတ်ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးရသည့်ဌာနတစ်ခုဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်မှုတိုင်းသည် အစိုးရ၏ပုံရိပ်ဖြစ်သည်ကို သတိချပ်ရမှာဖြစ်ကြောင်းနှင့် ယဉ်ယဉ်ကျေးကျေး ပြေပြေပြစ်ပြစ် ဆက်ဆံကြရမှာဖြစ်ကြောင်း၊ ဌာနပိုင်မြေနေရာများနှင့်ပတ်သက်၍ ကျူးကျော်မှုမရှိစေရေးနှင့် ဌာနပိုင်အမည်ပေါက်ရရှိရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြို့တွင်းဈေးများ ကြွပ်ကြွပ်အိပ်သုံးစွဲမှုလျှော့ချရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့တွင်းလမ်းများ ပြန်လည်အဆင့်မြှင့်တင်ရာတွင် လမ်းဘေးဝဲ/ယာ အဆောက်အဦနှင့် မြေပြင်အနိမ့်အမြင့်အား သေချာတွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေး လုပ်ငန်းများရေးဆွဲတင်ပြရာတွင် သက်ဆိုင်ရာမြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ အမှန်တကယ်အသုံးဝင်ပြီး လိုအပ်သောနေရာများအား ကွင်းဆင်းစိစစ်၍ အဆင့်သတ်မှတ်ချက်အလိုက် တင်ပြရန်လိုအပ်ကြောင်းနှင့် နိုင်ငံဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်(၂၈)မြို့နယ်မှ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရအဖွဲ့ထောက်ပံ့ငွေနှင့် အခွန်အကောက်ရငွေများမှ လမ်း/တံတား/မြို့ရေပေးဝေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးအောင်မြင့်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လမ်း/ တံတား/ မြို့ရေပေးဝေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ငွေကျပ်(၈၄၀၆.၆၀၅)သန်း ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)