Pages

Pages

ပေါင်မြို့နယ်တွင် အဆုပ်တီဘီရောဂါနှင့်ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်



MNP ၊ စက်တင်ဘာ  ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အဆုပ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုကို ယနေ့နံနက်ပိုင်းက အထက ကျွဲခြံကျောင်း လမင်းတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသိုစမ်းသပ်မှုပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏  ဦးဆောင်မှုဖြင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြိုနယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ ကျွဲခြံကျေးရွာရှိဒေသနေပြည်သူများ အခမဲ့လာရောက်စမ်းသပ်ပေးလျက်ရှိ ကြောင်းသိရသည်။


ထို အဆုပ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ ရောဂါစမ်းသပ်စစ်ဆေးချက်အရ (၈၅)ဦးတွင် အဆုပ်တီဘီရောဂါ တစ်ဦးစမ်းသပ်မှုအရသိရှိရပြီး လိုအပ်သောဆေးကုသမှုများကို ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရသည်။


တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment