တန့်ယန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားရုံကြီးကို တည်ဆောက်ပေးလျက်ရှိရာ မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် စိစစ်ရေး ကော်မတီမှ ဌာနဆိုင်ရာများက ကြည့်ရှုစစ်ဆေးရာ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှူး ဦးလှမျိုးမြင့်နှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က ရှင်းလင်း တင်ပြပြီး မြို့နယ်အားကစားကွင်းရှိ ပွဲကြည့်စင်အပါအဝင် ဘောလုံးကွင်းနှင့် မီတာ ၄၀၀ ပြေးလမ်းတို့အား ကြည့်ရှုခဲ့သည်။


ယခုတည်ဆောက်နေသော မိုးလုံလေလုံအားကစားရုံသည် ၂၀၂၂-၂၀၂၃-ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အလျား (၁၂၀)ပေ၊ အနံ (၉၀)ပေရှိ RC အမျိုးအစား အဆောက်အဦဖြစ်ပြီး  မြန်မာအမျိုးသား ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။                                                          


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)