Pages

Pages

ရပ်စောက်မြို့နယ်၌ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲပြုလုပ်



MNP - စက်တင်ဘာ  ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ပင်ဖြစ်)၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ပင်ဖြစ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်ခေါင်းစဉ်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ် အားကစားမှူးဦးမြတ်သူမှ အားကစားအထောက်အကူပြုပစ္စည်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်းလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော ဘောလုံးများအား ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။


ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ရပ်စောက်မြို့နယ် လက်ရွေးစင်မြန်မာ့သိုင်း အားကစားသမားများက မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြတင်ဆက် ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment