Pages

Pages

ကော့သောင်းမြို့၌ ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး




MNP - စက်တင်ဘာ   ၃၀


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာ ဦးစီး ဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ပြည်သူများ၊ ပညာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။


မြို့နေပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာစီကို (၅၁၀၀) ကျပ်နှုန်းဖြင့် မည်သူ မဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး မိုဘိုင်းကားဖြင့်လိုက်လံ ရောင်းချပေးခြင်းဖြစ်သည်။


အလားတူ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက်  ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများသို့လည်း  လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာ ဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရသိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment