Pages

Pages

သိန္နီမြို့နယ် ကောင်းလောက်စောက်ကျေးရွာနေ ပြည်သူများ ရေလုံလောက်မှုရှိစေရေး စက်ရေတွင်းတူးဖော်ပေး

 




MNP - စက်တင်ဘာ  ၁၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကောင်းလောက်စောက်ကျေးရွာနေ ပြည်သူများ ရေသုံးစွဲရာတွင် လုံလောက်မှုရှိစေရေးအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းအနေဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်းတူးဖော်ပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ စက်ရေတွင်းတူးဖော်ပေးရာတွင် ၁၀၀% ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ရေတွင်းမှ ရေချိုများ ထွက်ရှိခြင်းကြောင့် ကျေးရွာနေပြည်သူများအတွက် အဆင်ပြေလျက်ရှိသည်။ အဆိုပါစက်ရေတွင်းသည် အနက်ပေ ၄၀၀ အထိ တူးဖော်ထားခြင်းဖြစ်ပြီး ၄ လက်မပိုက်အရွယ်အစားအား အသုံးပြုဆောင်ရွက် ထားခြင်းဖြစ်သည်။ ၎င်းစက်ရေတွင်းတူးဖော်ခြင်းကို ပြည်ထောင်စုခွင့်ပြုငွေ ကျပ်သန်း(၂၇)ဖြင့် အောင်မြတ်ဈန်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သိန္နီမြို့နယ် ကောင်းလောက်စောက်ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု (၂၂၂)စုအတွက် ရေသုံးစွဲရာတွင် လုံလောက်မှုရှိစေရေးအတွက် စက်ရေတွင်းကို တူးဖော်ပေးရခြင်းဖြစ်ပြီး ထိုကဲ့သို့ စက်ရေတွင်း တူးဖော်ပေးရန် လိုအပ်လျက်ရှိသော ကျေးရွာများသို့လည်း သွားရောက်တူးဖော်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment