Pages

Pages

ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျန်းမာရေးဌာနခွဲတွင် ပြည်သူများအား တီဘီအဆုတ် ခေတ်မီ စမ်းသပ်စက်ကြီးများဖြင့် အခမဲ့စမ်းသပ် ရှာဖွေကုသပေး




MNP - စက်တင်ဘာ   ၂၂


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင် ကျန်းမာရေးဌာနခွဲတွင် ပြည်သူများအား တီဘီအဆုတ် ခေတ်မီစမ်းသပ်စက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက အခမဲ့စမ်းသပ် ရှာဖွေကုသပေးလျက်ရှိကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင် ၏ဦးဆောင်မှုဖြင့် ပေါင်မြို့နယ်၊ နတ်ကြီးချောင် ကျန်းမာရေးဌာနခွဲတွင် ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ပေါင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျုံကကျေးရွာ၊ နတ်ကြီးချောင်ကျေးရွာ၊ ကျခတ်ငူကျေးရွာ ကျေးရွာသုံးရွာမှပြည်သူများ  တီဘီ  အဆုတ်ခေတ်မီစမ်းသပ် စက်ကြီးများဖြင့်  အခမဲ့စမ်းသပ်  ရှာဖွေကုသ ပေးနေပါကြောင်းသတင်းရရှိသည်။


ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကျေးရွာနေပြည်သူများ၏ ကျန်းမားရေကောင်းမွန်စေရန် ရည်ရွယ်ပြီး အလျဉ်းသင့်သလို ကျေးရွာများသို့ ကွင်းဆင်းပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment