Pages

Pages

လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချ

 


MNP - စက်တင်ဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်   အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ  ယနေ့နံနက် ၈ နာရီအချိန်ခန့်က လမ်းမတော်မြို့နယ် မော်တင်ယာယီဈေးရပ်ကွက်၊ စဉ့်အိုးတန်လမ်းရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၆၀၀ကျပ်၊  စားအုန်းဆီ တစ်ပိသာလျှင် ၅၃၀၀ ကျပ်၊  ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံး စီ တို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းဇော်လင်း၊  မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့်လမ်းမတော် မြို့နယ်အတွင်းရှိ (၁၃)ရပ်ကွက် ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက် နေ့စဉ်ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။


သတင်း - အောင်ဇော်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment