MNP - စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ လှည်းမှောက်ကျေးရွာအုပ်စု၊ မဲဇလီကျင်း ကျေးရွာနှင့် လှည်းမှောက်ကျေးရွာတို့မှ မိုးနေကြာရိတ်သိမ်းမှုအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
မိုးနေကြာရိတ်သိမ်းမှုကို လှည်းမှောက်အုပ်စု၊ မဲဇလီကျင်းကျေးရွာနေ တောင်သူ ဦးမင်းဆွေ၏ မိုးနေကြာ(၃) ဧက ရိတ်သိမ်းမှုနှင့် လှည်းမှောက်ကျေးရွာရှိ တောင်သူ ဦးအောင်ဝင်း၏ မိုးနေကြာ(၁) ဧက စံကွက်ရိတ်ခြင်း တို့အား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နေကြာမျိုးစေ့များ ပြင်ပသို့ မရောက်ရှိရေး တောင်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment