မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ



MNP - စက်တင်ဘာ   ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာဟောပြောပွဲအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်သုခ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက် သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုများအကြောင်း၊ လူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်းအကြောင်း ရင်းများ၊ လူကုန်ကူးခံရမှုကြောင့် ရရှိနိုင်သော ဆိုးကျိုးများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်အောင်မှ စိတ်ကြွဆေးပြားများ အလွဲသုံးဆွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းဆွေးနွေးကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က ယနေ့လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးသည့်နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်အဖြစ် Physical fitness dance အစီအစဉ် များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)