Pages

Pages

အမ်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး




MNP ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အခြေခံ ပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေး ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းပညာတွင် ထိုးနှံပေးလျှက်ရှိကြောင်းသိရှိရသည်။

ထိုသို့ ထိုးနှံရာတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား အသက် ၅ နှစ်မှ ၉ ထိကျောင်း သား / ကျောင်းသူ ၃၂၅ ဦးကို လည်းကောင်းကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose)အား တတိယအကြိမ်အဖြစ် ၁၂ နှစ် အထက် ကျောင်းသား/ကျောင်းသူ (၄၅၄)ဦးအား ကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများကထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊

မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အမျိုးသမီးရေးရာ  မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ စာရင်းမှတ် တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေး၍ ပုံမှန်အနေ အထားရောက်ရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ စနစ်တကျထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာစေခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment