Pages

Pages

ပေါက်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ





MNP ၊ စက်တင်ဘာ  ၁၀

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်  စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့  နံနက်(၁၀)နာရီက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ မြို့မ-အ.ထ.ကကျောင်း၌ ပြုလုပ်ရာ မြို့မအ.ထ.ကကျောင်း၊ အ.ထ.က-ပေါက်တောကျောင်းနှင့် အ.ထ.က-သဝင်ချောင်းကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 


ထိုသို့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် “အကျွန့်ဆရာ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူ(၁၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၅)ဦးတို့လည်းကောင်း၊  ကဗျာပြိုင်ပွဲတွင် "ဘဝလမ်းညွှန်ဆရာမွန်"ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူ(၄)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၇)ဦးတို့လည်းကောင်း စိတ်ပါဝင်စားစွာဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြရာ တာဝန်ကျဆရာ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment