မိုင်းကိုင်မြို့နယ်၊ဖောင်းမိန်းကျေးရွာ တောင်သူများအား ဆောင်းနေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ဖောင်းမိန်းကျေးရွာ တောင်သူများအား ဆောင်းနေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေ



MNP - စက်တင်ဘာ   ၁၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ဆောင်းနေကြာစိုက်ပျိုးမှုလျာထားချက် ပြည့်မီစေရန်နှင့်  နေကြာစိုက်ဧက တိုးတက်လာစေရန်အတွက်  ရည်ရွယ်၍   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဖောင်းမိန်းကျေးရွာ  တောင်သူများအား  ဆောင်းနေကြာမျိုးစေ့များ  အခမဲ့ဖြန့်ဝေခြင်း  အခမ်းအနားကို  ယနေ့နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ သည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက  မိုင်းကိုင်မြို့နယ်အတွင်း  နေကြာသီးနှံကို  ပုံမှန်အားဖြင့်  ကျေးရွာအနှံ့အပြားတွင် စိုက်ပျိုးနေသော်လည်း  တစ်စုတစ်စည်းတည်း  စိုက်ပျိုးမှုနည်းပါးနေကြောင်း၊ ရေရှည်တွင် နေကြာသီးနှံကိုတောင်သူများ  စိတ်ပါဝင်စားစွာဖြင့် စိုက်ပျိုးလာမည်ဆိုပါက စိုက်ပျိုးမှုနှုန်းတိုးတက်လာပြီး  အထွက်နှုန်းများလည်း မြှင့်မားလာမည်ဖြစ်ကြောင်း၊   အကျိုးအမြတ်ရလဒ်ကောင်းများ  ရရှိလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို  တစ်ဘက်တစ်လမ်းက အထောက်အကူပြုလာမည်ဖြစ်ကြောင်း စိုက်ဧကတိုးတက်လာစေရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နေကြာမျိုးစေ့များကို အခမဲ့ဖြန့်ဝေ၍ စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် အကျယ်တဝင့်မှာကြားပြီး၊   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးရဲသွေးကျော်က  ဆောင်းနေကြာစိုက်ပျိုးခြင်း  နည်းစနစ်များကို  ရှင်းလင်းပြောကြားပြီးနောက်  တက်ရောက်လာကြသော တာဝန်ရှိသူများက  တောင်သူများအား  ဆောင်းနေကြာမျိုးစေ့များကို  အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြသည်။


အဆိုပါ  ဆောင်းနေကြာမျိုးစေ့  ပေးအပ်ပွဲအခမ်းအနားတွင်  ဖောင်းမိန်းကျေးရွာနေ  တောင်သူ ၁၀ ဦးတို့အတွက် ၁၅ ဧကစာ  နေကြာမျိုးစေ့များကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  အခမဲ့ဖြန့်ဝေပေးခဲ့ပြီး  စိတ်ပါဝင်စားစွာဖြင့်  ထပ်မံစိုက်ပျိုးလိုသော  တောင်သူများ ရှိလာပါကလည်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  နေကြာမျိုးစေ့များ  ထပ်မံဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)