Pages

Pages

မြစ်ကြီးနားမြို့ရှိ (၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 



MNP - စက်တင်ဘာ  ၂၇


မြစ်ကြီးနားမြို့ပေါ်ရှိ (၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကို မြစ်ကြီးနားမြို့စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက မြစ်ကြီးနားမြို့ပေါ်ရှိ သက်ကြီး ဘိုးဘွားများထံသို့ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၂၈) အုပ်စုမှ (၇၅) နှစ်အထက် သက်ကြီးဘိုးဘွား (၆၅၀) ဦးတို့ထံ ကုလားပဲ၊ ဟင်းသီးဟင်းရွက်ဆီနှင့် ကြာဇံထုပ်များ အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပစ္စည်းများဖြစ်သော ကုလားပဲအိတ်(၆၅၀)အိတ်၊ ဟင်းသီးဟင်းရွက်ဆီ (၆၅၀)ဘူးနှင့် ကြာဇံအထုပ်ကြီး (၆၅၀)ထုပ်တို့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် SPIC/ACHC ကုမ္ပဏီတို့မှ လှူဒါန်းပေး အပ်ခြင်းများဖြစ်ကြောင်း သိရသည်။


သတင်း - အိန္ဒြေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment