သထုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose စတုတ္ထအကြိမ်နှင့် တတိယအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose စတုတ္ထအကြိမ်နှင့် တတိယအကြိမ် ဆက်လက်ထိုးနှံပေး





MNP ၊  စက်တင်ဘာ  ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ထပ်ဆောင်း Booster Dose စတုတ္ထအကြိမ်နှင့် တတိယအကြိမ် ထိုးနှံပေးခြင်းအား လိပ်အင်းရပ်ကွက်၊လေယာဉ်ကွင်းဟောင်းရှိ စုပေါင်းရုံးခန်းမ၌ ဆက်လက်‌ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ကာကွယ်‌ဆေးထိုးနှံရာတွင်  အသက်(၁၈)နှစ်အထက် (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်သူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း၊ (၃)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား စတုတ္ထအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်း၊ တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသူများ၊ အကြောင်းအမျိုးမျိုးကြောင့်ခရီးလွန်နေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စုရပ်များအလိုက် ဆောင်ရွက်လျှက်ရှိပြီး အဆိုပါနေ့၌ ဒေသခံပြည်သူ ၂၅၀ ကျော်အား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)