ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံ



MNP - စက်တင်ဘာ   ၁၅


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကောင်းစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံခြင်းကို အ.ထ.က အထောင်မြတ်လေးခန်းမ၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်‌ဆေးထိုးနှံရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး အ.ထ.က အထောင်ရှိ အသက် (၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျုံပျော်မြို့နယ်အတွင်း အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား ကျောင်းသူ (၁၂၁၂၂)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး၊ ထပ်ဆောင်း Booster ကာကွယ်ဆေးထိုးနှံပြီးသူ (၇၀၆၆)ဦးရှိကာ ကျန်ရှိသော (၅၀၅၆)ဦးတို့အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)