Pages

Pages

ဘီးလင်းမြို့နယ်၌ ကိုဗစ် ကာကွယ်ဆေး အပိုဆောင်း(Booster) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေး



MNP ၊ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  အပိုဆောင်း(Booster) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်က ဘီးလင်းမြို့နယ် အောင်ဇေယျခန်းမ၌ ထိုးနှံပေးလျှက် ရှိ ကြောင်း သိရသည်။


 ကာကွယ်‌ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက် (၂)ကြိမ် ထိုးနှံပြီး (၆)လ ပြည့်သူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း၊ (၃) ကြိမ် ထိုးနှံပြီး (၆)လပြည့်သူများအား စတုတ္ထအကြိမ် ထပ်ဆောင်းထိုးနှံပေး ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၈ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။


ထူးနောင်  (ဘီးလင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment