Pages

Pages

ရမည်းသင်းမြို့နယ်အတွင်း အသက် (၁၂)နှစ်(၁၇)နှစ်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Boosterd Dose)ထိုးနှံပေး



MNP - စက်တင်ဘာ   ၅


  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၁၂)နှစ်မှ အသက်(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Booster Dose )ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့ အမှတ် (၁) အ ခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်း သား/သူများအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် အသက်(၁၂)နှစ်မှ(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျစာရင်းရေးသွင်းပေးပြီး ကိုဗစ်ကာကွယ်ဆေး (Sinovac  Dose) ဆေးထိုးနှံပေးကြသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကထိုးနှံပေးလျက်ရှိရာ ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့်ထိုးနှံပြီး ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၄၂)ကျောင်းရှိပြီး အသက်(၁၂) နှစ်မှ (၁၇)နှစ်ကြားကျောင်းသား၊ ကျောင်းသူ (၉၃၄၈)အား သက်ဆိုင်ရာကျောင်းများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment