Pages

Pages

မိုးညှင်းမြို့နယ် မနခေါကျေးရွာတွင် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုမှာ ၉၀ ရာခိုင်နှုန်ကျော်ထိ ပြီးစီးနေပြီဖြစ်




MNP - စက်တင်ဘာ  ၂၃


ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မနခေါကျေးရွာတွင် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စာရင်းဇယားများ ဖြည့်သွင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က လုံးစန့်ကျေးရွာအုပ်စု၊ မနခေါကျေးရွာတွင် Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ရေနှုတ်မြောင်းတူးဖော်ရာတွင် အရှည် ၅၉၀၀ ပေ၊ အနက် ၂ ပေနှင့် အကျယ် ၂ ပေခွဲကို လည်းကောင်း၊  ကျေးရွာအတွင်း သဲကျောက်ခင်းခြင်း လုပ်ငန်းအား အရှည်ပေ ၁၅၀၀၊ အကျယ် ၁၂ပေ၊ ထု ၆ လက်မနှင့် အရှည်ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၃လက်မတို့ကို လည်းကောင်း စသည့်လုပ်ငန်းများကို ဩဂုတ်လ ၈ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


မိုးညှင်းခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်(၃)မြို့နယ်တွင် Cash For Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂၈)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးညှင်းမြို့နယ်တွင် လုံးစန့်ကျေးရွာအုပ်စု မနခေါကျေးရွာ(၁)ရွာ၊ မိုးကောင်း မြို့နယ်တွင် မြတောင်ကျေးရွာအုပ်စု၊ နန့်လှိုင်ကျေးရွာ (၁)ရွာနှင့် ဖားကန့်မြို့နယ်တွင် လုံးခင်းကျေးရွာ အုပ်စုမှော်ရှန်(မျှစ်ခရွမ်း)ကျေးရွာ (၁)ရွာ စုစုပေါင်းကျေးရွာ(၃)ရွာတွင် Cash for Work စီမံကိန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးစီးမှု အခြေအနေများမှာ ၉၀ ရာခိုင်နှုန်း ကျော်ထိ ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်ထံမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment