Pages

Pages

ပေါက်တောမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ


MNP ၊ စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show  ဆွေးနွေး ပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre )၌ ကျင်းပသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show   ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ၊ ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့မှ ပေါက်တောမြို့မ ရဲစခန်းမှူး ဒုရဲမှူး သာမောင်အေးက လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပေါ်‌ပေါက်လာပုံ၊ ၂၀၂၂ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေး‌နေ့၏ ရည်ရွယ်ချက် (၄)ရပ်၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုပုံစံများနှင့် လူကုန်ကူးခံရနိုင်သူများအကြောင်း၊ လူကုန်ကူးခံရမှု အစိတ်အပိုင်းများ၊ လူကုန်ကူးခံရသူများ၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုး နှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးခံရသူ များအား ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်သည့်အကြောင်းများကို ဆွေးနွေးပြောကြားသည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအား အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment