Pages

Pages

ရုရှားနိုင်ငံတွင် ကျင်းပမည့် Global Fisheries Forum and Seafood Expo Russia Forum သို့ တက်ရောက်ကြမည့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ရေငန်ပုစွန် လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် ဒုဝန်ကြီး တွေ့ဆုံဆွေးနွေး



MNP ၊ စက်တင်ဘာ ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပမည့် Global Fisheries Forum and Seafood Expo Russia Forum ၌ မြန်မာနိုင်ငံ ရေထွက်ကုန်ကဏ္ဍနှင့် ပတ်သက်၍ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကဏ္ဍနှစ်ရပ်နှင့်အတူ ရုရှားနိုင်ငံမှ ပင်လယ်ငါးကို မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြန်လည် တင်ပို့နိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။


ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် Global Fisheries Forum and Seafood Expo Russia Forum သို့ တက်ရောက်ကြမည့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ရေငန်ပုစွန် လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ(၁)၌ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။


ထို့ပြင် ဒုတိယဝန်ကြီးက ရေထွက်ကုန်အတွက် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ငါး/ပုစွန်မျိုး မြှင့်တင်သော နည်းပညာအပါအဝင် ရေထွက်ကုန်ကဏ္ဍ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍအသီးသီးကို ဆွေးနွေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြိတ်ကျွန်းစုသည် ကမ္ဘာ့ဈေးကွက်ဝင် အပြာရောင်နှင့် အဝါရောင် တူနာငါးမွေးမြူရန် နေရာကောင်းဖြစ်၍ ရင်းနှီးမြှုပ်နှံမှုအတွက် စွဲဆောင်နိုင်သော နေရာ ကောင်းတစ်ခုဖြစ်ကြောင်း၊ ရေထွက်ကုန်ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ ငါး/ပုစွန် ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများကို သတ်မှတ်စည်းကမ်းများ၊ တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရေး ထိန်းကျောင်း ကြပ်မတ်လျက်ရှိပြီး GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု၍ မွေးမြူထုတ်လုပ်သော လုပ်ငန်းများ ဖွံ့ဖြိုးလာရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖိုရမ်တွင်ဆွေးနွေးမည့် အချက်အလက် များနှင့် စပ်လျဉ်း၍တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပမည့် Global Fisheries Forum and Seafood Expo Russia Forum သို့ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ရေလုပ်ငန်း ကိုယ်စားလှယ်များသည် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment