ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို လက်ခံတွေ့ဆုံ


MNP ၊ စက်တင်ဘာ ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ICRC အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း ICRC ရုံးခွဲများ ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်းများခန့်အပ်တာဝန်ပေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် အတွင်း ဒေသခံများအပါအဝင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် ယင်းလုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီပေးနိုင်ရေး အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုနှင့် UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် ICRC ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့် သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များ ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း လိုအပ်ချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)