ပအိုဝ်းတိုင်းရင်းသားစာပေ K.G ပုံပြစာအုပ် အတည်ပြုပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းတိုင်းရင်းသားစာပေ K.G ပုံပြစာအုပ် အတည်ပြုပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၁၂


မြေပြန့်ဒေသပအိုဝ်းတိုင်းရင်းသားစာပေ K.G ပုံပြစာအုပ်ပြုစုရေးသားရေးအဖွဲ့မှ K.G ပုံပြစာအုပ်ရေးဆွဲပြီးစီး၍ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားများသို့တင်ပြခြင်းနှင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ သို့ပေးအပ်တင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ခန့်က ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ပအိုဝ်းတိုင်းရင်းသားစာပေသည် တောင်ပေါ်ဒေသစာမူနှင့် မြေပြန့်ဒေသစာမူဟူ၍ နှစ်မျိုးရှိပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများသည် မြေ ပြန့်ဒေသပ အိုဝ်းစာမူကို အသုံးပြုကြကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ ရိုးရာဓလေ့ထုံးတမ်းများထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့်ဘဏ္ဍာရန်ပုံငွေများကို နှစ်စဉ်တိုး မြှင့်လျာထား၍ ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာ ကျောင်းသုံး စာအုပ် များကိုပုံနှိပ်ထုတ်ဝေပြီး သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များထံ ဖြန့်ဝေပေးအပ်ကာ ကျောင်းများတွင် သင်ကြားနိုင်သည့်အဆင့်ရောက်ရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမော င်နှမများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဆောင်ရွက်၍ နိုင်ငံကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် K.G ပုံပြစာအုပ်ပြုစုရေးအဖွဲ့ခေါင်းဆောင်ဦးခွန်မင်းအောင်က ပုံပြစာအုပ်ရေးဆွဲရေးနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်း တင်ကK.G ပုံပြစာအုပ်နမူနာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို ထံလွှဲပြောင်းပေးအပ်ကာ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနာယက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)