ပေါင်မြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ဆောင်ရွက်





MNP ၊ စက်တင်ဘာ  ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က ပေါင်မြို့နယ်မြို့မဈေးနှင့်ကားလမ်းမပေါ် သွားလာလှူပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ဈေးဆိုင်ခန်းများနှင့် သွားလာလှုပ်ရှားနေသူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး  နှာခေါင်းစည်း Mask (၅၀၀၀) ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)