Pages

Pages

ကျောက်ဖြူမြို့ရှိ လူစည်ကားရာနေရာများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အခြေခံပညာကျောင်းများနှင့် လေဆိပ်နေရာများသို့ သွားရောက်၍  Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း ထွဏ်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဝင်များ၊ အမျိုးသမီးရေးရာအသင်းဝင်များက ကျောက်ဖြူလေဆိပ်၊ မြို့မစည်ပင်သာယာဈေးကြီး၊ အထက(၁)၊ အထက(၂)နှင့် ထ(ခွဲ)လ(၂)မြို့မကျောင်းနှင့် လူသွားလူလာများသည့် နာရီစင်ရှေ့ လမ်းဆုံနေရာများသို့ သွားရောက်ကာ ၎င်းလမ်းတစ်လျှောက်ရှိ အငှားယာဉ်မောင်းနှင်နေသူများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်လာသူများ၊ ဆိုင်ခန်းအသီးသီးတွင်ဈေးရောင်းချနေ သူများနှင့် ကျောင်းသား၊ကျောင်းသူများကို  နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(Mask)အခု(၃၀၀၀)ကျော်ကို အခမဲ့ ဝေငှပေးကာ ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။ 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment